Tuesday, September 3, 2013

ယဉ်ကျေးမှုသင်တန်းတစ်ခုတွင် ပြောခဲ့တဲ့ ဘာသာကာကွယ်ရေးစကားစု

ပြီးခဲ့တဲ့လက ဧရာဝတီတိုင်း၊ ဓနုဖြူမြို့နယ်၊ အုန်းပင်းကွင်းကျေးရွာအုပ်စု၊ သာယာစုကျေးရွာ၊ နဂါးကိုးကောင်ကျောင်းတိုက်မှာ ယဉ်ကျေးမှုသင်တန်း ပိတ်ပွဲလုပ်တဲ့အခါ ကျောင်းထိုင်ဆရာတော်ရဲ့ ပင့်ဖိတ်မှုကြောင့် အဲဒီယဉ်ကျေးမှုသင်တန်းပိတ်ပွဲမှာ သြ၀ါဒစကားပြောကြားဖို့ တာဝန်ပေးခြင်း ခံခဲ့ရပါတယ်….။ ဒါကြောင့်မို့
ထိုပြောကြားချက်များကို ဓမ္မမိတ်ဆွေများအတွက် နှစ်သစ်လက်ဆောင်အဖြစ် ပေးလိုက်ပါရစေ….
အားလုံးသော ကြွရောက်လာကြတဲ့ မိဘများနဲ့သင်တန်းသူ သင်တန်းသားများ မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သလိုက်ပါတယ်…။ မိဘများရဲ့ ကြည်နူးမှုမျက်ဝန်းနဲ့ ကလေးငယ်များရဲ့ တက်ကြွတဲ့ကဗျာရွတ်သံတွေကိုကြည့်ရင်း ဦးဇင်းတို့ရဲ့ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်းဟာ ကလေးတို့အတွက် အတိုင်းအတာတစ်ခုလောက်တော့ အကျိုးကျေးဇူးဖြစ်စေခဲ့တယ်လို့ ဦးဇင်းယုံကြည်မိပါတယ်…။
သရေခေတ္တရာ(တကောင်း)ကာလကစပြီး ယနေ့ခေတ်အထိ ရွေ့လျားလာတဲ့မြန်မာ့ယဉ်ကျေးမှုဟာ များစွာပြောင်းလဲမှုမရှိသေးပါဘူး..။ ပြောချင်တာက မြန်မာ့ယဉ်ကျေးမှုဟာ ဗုဒ္ဓဘာသာကိုမြစ်ဖျားခံပြီး ဆင်းသက်လာခဲ့တာပါ။ ဒါကြောင့်မို့ ခေတ်အဆက်ဆက် ယဉ်ကျေးမှုသမိုင်းတွေဟာ တူညီမှုတွေရှိခဲ့ပါတယ်..။
ယနေ့ခေတ်မှာ ဦးဇင်းတို့ဗုဒ္ဓဘာသာဟာ ဘာသာခြားတွေရဲ့ အဖြိုခွင်းခံဘာသာပုံစံမျိုး ရပ်တည်နေကြရတာကို ကမ္ဘောဒီးယား.. ထိုင်း… ရခိုင်…ဒေသစတာတွေမှာ ဖြစ်ခဲ့တဲ့အဓိကရုဏ်းတွေက သက်သေပြနေပါတယ်..။ ဒီအခြေအနေတွေကို ကာကွယ်ဖို့က ဦးဇင်းတို့ဘာသာဝင်အချင်းချင်း စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ နေထိုင်ဖို့ပဲ..။
ဦးဇင်းတို့ ယဉ်ကျေးမှုသင်တန်းတွေမှာ ကလေးတွေချည်းပဲ တွေ့နေရတယ်..။ တကယ့်တကယ်ဖြစ်သင့်တာက ယဉ်ကျေးမှုသင်တန်းမှာ အဓိကတက်ရောက် လေ့လာသင်ယူသင့်တာက မိဘတွေ,ကျောင်းဆရာ,ဆရာမတွေပဲ..။
အားလုံးသိတဲ့အတိုင်း ကလေးဆိုတာ ကိုယ့်ဘေးမှာရှိတဲ့အရာကို အတုယူကြတာ..။ ကလေးဘ၀မှာ အိမ်မှာနေတဲ့အချိန်နဲ့ စာသင်ကျောင်းမှာနေတဲ့အချိန်ဟာ အတူတူနီးပါးလောက်ရှိတယ်…။ ဆဲတာ, အရက်သောက်တာ, ရိုင်းတာတွေဟာ သူတို့ရဲ့ပင်ကိုယ်စရိုက်ဆိုတာထက် သူတို့ဘေးကလူတွေဆီကနေ ကူးစက်လာတာက ပိုများတယ်…။ ဒါကြောင့်မို့ ယဉ်ကျေးမှုသင်တန်းကို မိဘတွေပါ တက်ရောက်သင်ယူသင့်တယ်လို့ပြောတာ…။
ဦးဇင်းတို့ဘာသာက အကြမ်းဖက်ဘာသာမဟုတ်တဲ့အတွက် သူများဘာသာတွေလို လက်နက်တွေဆောင်ထားလေ့မရှိကြဘူး…။ ဦးဇင်းရဟန်းဒကာမအိမ်မှာလည်း သားလှီးဓားကလွဲပြီး ဘာမှမတွေ့ရဘူး..။ ဒါပေမယ့် တချို့စရိုက်ကြမ်းသူတွေကတော့ ရေနံဆီတွေ, ဓာတ်ဆီတွေ, လက်နက်တွေကိုဆောင်ထားကြတယ်..။ ဒါကြောင့်မို့ တို့ဒကာ,ဒကာမများကလည်း ဘာသာအရေးကို သိအောင်လုပ်ကြပါ မညံ့ကြပါနဲ့..။
နောက်တစ်ခုက ဦးဇင်းတို့နိုင်ငံမှာ ပစ္စည်းအတု… အနုပညာလည်းအတုတွေများတယ်..။ စက်ပစ္စည်းလည်းအတုပဲ…။ အ၀တ်အစားလည်း တံဆိပ်အတုပဲ…။ အားလုံး..အားလုံး အတု..အတုတွေချည်းပဲ…. ဒီကြားထဲမှာ ဘာသာတရားကိုပါ အတုမလုပ်မိစေနဲ့…။
အစကတည်းက ကိုယ်ပိုင်အသိတရားနဲ့လုပ်လာကြရမှာ..။ အခုမှ သူများယောင်လို့ လိုက်ယောင်တာမျိုးလည်းမဖြစ်စေနဲ့…။ ပုံစံတွေ တံဆိပ်တွေထက် ရင်ထဲမှာ ဘာသာတရားစိတ်.. အမျိုးသားရေးစိတ်… လူမျိုးချစ်စိတ်တွေကိန်းဝပ်နေအောင် လုပ်ကြပါ…။ ကိုယ့်သားသမီးတွေကိုလည်း မျှဝေပါ….။
မိဘတွေကလည်း ကိုယ်ကရိပ်သာသွားနေရုံနဲ့မပြီးသေးဘူး…။ ကိုယ့်သားသမီးတွေလည်း ဘယ်ရောက်နေလဲ..လေ့လာကြပါ..။ အဓိက…က မိန်းကလေးတွေပါ…။ ဖြူစင်မှုကို ထိန်းသိမ်းပါ…။ မြင့်မြတ်တဲ့လျှောက်လှမ်းမှုနဲ့ ကိုယ့်ဘ၀..ကိုယ်..စိတ်တို့ကို သန့်သန့်လေးဖြစ်အောင် နေထိုင်ကြပါ…။
ဦးဇင်းတို့ဘာသာဝင်တွေ အချင်းချင်း ဘေးထိုင်,ဘုပြောပြီး အချိန်တွေကို အလဟဿမဖြုန်းတီးကြဘဲ ကိုယ့်ကိုယ်ကို တိုးတက်မှုရှိအောင်လုက်ကြပါ…။ ခေတ်ကိုအကြောင်းပြပြီး ဘာသာတရားရဲ့တန်ဖိုးကိုချမပစ်ကြပါနဲ့……
ပြောစရာရှိတာတွေက အများကြီးပဲ…။ ဒါပေမယ့် ဦးဇင်းပြောရမယ့်အချိန်က ဆယ်မိနစ်သာ ရတာမို့ အားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့ပြည့်စုံပြီး အမျိုးဘာသာ,သာသနာကို ထိန်းသိမ်းစောင့်ရှောက်နိုင်ကြပါစေ….
အရှင်ပဏ္ဍိတ(ဒေါင်းဖြူ)

No comments:

Post a Comment